MyanLife Special Offers Combo Set at Birmania Cafe and Bistro
ZoroShare
Recommendation
views: 1400
Published Date:

တနေ့က အေးအေးဆေးဆေး ဒိတ်လို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင် ရောက်ခဲ့တယ်။ ဆိုင်နာမည်လေးက Birmania Cafe and Bistro ပါ။ ဆိုင်အပြင်အဆင်လေးကတော်တော်လေးလှတယ်။ အပေါ်ထပ် အောက်ထပ် ရှိတယ်။ အပြင်မှာထိုင်ချင်လည်းရတယ်။ အပင်လေးတွေလည်းရှိတယ်။ Burma Lethwei Boxing Gym နဲ့လည်း တွဲဖွင့်ထားတော့ လက်‌ဝှေ့ ဝါသနာပါရင်လည်း ဝင်လေ့လာလို့ရတယ်။

ကျွန်တော် ကတော့ MyanLife App ထဲကနေ အရမ်းတန်တဲ့ Combo Set လေးကို ၀ယ်ပြီး သွားစားဖြစ်ခဲ့တယ်။ MyanLife ကပေးတဲ့ ဒီ Special Offers Menu က Budget Save လုပ်ချင်တဲ့ သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ အခု၀ယ်ခဲ့တဲ့ Combo Set ထဲမှာဆိုရင်

- Appetiser အနေနဲ့ ပုစွန်အစာသွတ်ထားတဲ့ အာလူးလိပ်ကြော် ကိုမှ Sweet Chilli Mayo Sauce လေးနဲ့ ကောင်းမှကောင်း၊

-  ပုစွန် Tom Yum Soup ချဉ်ချဉ်မွှေးမွှေးလေး၊

-  Bangkok ထမင်းကြော် လေးရယ် (ထမင်းကြော် မကြိုက်တဲ့ သူတွေအတွက် Pad See Ew ယိုးဒ‌ယားဆန်ပြားကြော် လေးမှာလို့ရပါသေးတယ်)၊

- အချိုပွဲကတော့ Churros ကို Chocolate Sauce လေးနဲ့ အီစိမ့် ထိမိ၊

ဒါနဲ့ မပြီးသေးဘူးနော် Birmania ရဲ့အထူး Signature Draught Beer နှစ်ခွက်လည်းထပ်ရဦးမှာ။

ဒါတွေအားလုံးကို မှ 20,000 ကျပ်တိတိပဲ ကျတယ်ဆိုတော့ အရမ်းတန်နေပြီ။

အခုပဲ MyanLife App သို့ ဒီ Link https://www.myanlife.com.mm/my/food/sale_item/237?smooth=1#myanLife_detail_content ထဲကနေ တဆင့် Special Offers Menu Combo Set လေးကို ၀ယ်ပြီး Birmania မှာ ကိုယ်ချစ်ရတဲ့သူနဲ့ သွားစားလိုက်တော့နော်။


ဆိုင်လိပ်စာ - 14/B, Thar Yar Shwe Pyi St, Yankin, Bauk Htaw
#SundayDate #FoodDate #MyanLife #SpecialOffers #Comboset #Birmania #BirmaniaCafeandBistro #Food #Foodie #Drink 

Barbie
Commented on 2023-10-24
김유진
Commented on 2023-10-27
김유진
Commented on 2023-10-27
김유진
Commented on 2023-10-27
김유진
Commented on 2023-10-27